လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့နယ်၊ စပါးထားကျေးရွာအုပ်စု၊ ခြေထောက်ကွင်းကျေးရွာတွင် (၈-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဘေးကြောင့် လုံး၀ ပျက်စီး (၀ါး/ဓနိ) နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေကျပ် (၄၀၀,၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၅၀,၀၀ဝ/-)၊ ကျား/မ လူဦးရေ (၄၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၉၆,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၆,၆၀ဝ/-)ကျပ်တိတိအား (၁၃-၇-၂၀၂၂)ရက်နေ့ (၁၂:၁၅)နာရီအချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#otr
#ayy_jul2022
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)