ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊စစ်ကိုင်းမြို့နယ်အတွင်း(၂၇-၆-၂၀၂၂) ရက်နေ့မှ (၇-၇-၂၀၂၂ )ရက်နေ့အထိ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် နေအိမ်များ ရေဝင် ၍ ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာ (၂)ရွာမှ ရေဘေးရှောင်အိမ်ထောင်စု(၃၂၁)စု၊ လူဦးရေ(၁၃၁၅)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၇၆၁,၅၀၀/-)၊ ဆပ်ပြာတောင့်(၃၂၁)တောင့်၊ အဝတ် Mask (၂၃၆၀) ခုတို့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် အတူ (၁၀-၇-၂၀၂၂)ရက်နေ့တွင် ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_fld

#sgg_jul2022

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events