လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၂)ရက်နေ့၊ (၁၄း၃၀)နာရီအချိန်ခန့်၌ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ ရွာကြီးပိုင်း၌ လျှပ်စစ်မီးခုံမှတဆင့် အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုကြောင့် တစိတ်တပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂,၁၀၀/-) ကျပ်တို့အား (၁၁-၇-၂၀၂၂)ရက်နေ့၊ (၁၁:၃၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_jul2022
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)