မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၆)

မုန်တိုင်းငယ်အ‌ခြေအနေ
===================
(က) ယနေ့မြန်မာစံတော်ချိန်(၁၃းဝ၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏အနောက် -နောက်တောင် ဘက် (၁၆၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် (၂၉၅)မိုင်ခန့်၊ ရန်ကုန် မြို့၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယားမြို့၏ အနောက်မြောက်ဘက်မိုင် (၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=============================================
(က)အဆိုပါမုန်တိုင်းငယ်သည် ွမန်မာစံတော်ချိန်(၁၃းဝ၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၄.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
==========================
(က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်းအနီးသို့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ ညပိုင်းတွင် ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
=================
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၃.၁၀.၂၀၁၆)ရက်နေ့မှ (၂၅.၁၀.၂၀၁၆) ရက်နေ့အတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်
=======
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events