မုန်တိုင်းနှင့် လေပြင်းဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်တွင် (၁၃-၆-၂၀၂၂) ရက်နေ့၌ မုန်တိုင်းနှင့် လေပြင်းဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးကော်မတီ များနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ရာ မနက်ပိုင်းတွင် မြို့နယ်သဘာဝဘေးကော်မတီများက ရေတာရှည် မြို့နယ်အတွင်း မုန်တိုင်းနှင့် လေပြင်းဘေးအန္တရာယ်ကျရောက်လာ ပါက ကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့် နေရာများ၊ ဘေးလွတ်ရာနေရာများ၊ ယာယီခိုလှုံရာနေရာများကို ဖော်ထုတ်ဆွေးနွေးကြပါသည်။ နေ့ခင်းပိုင်း တွင် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ဆက်လက်လုပ် ဆောင်ရာ တွင် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်း၊ ရေပြင်နှင့် မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ ဇာတ် တိုက်ဆောင်ရွက်မှုသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေတာရှည် မြို့နယ်သဘာဝဘေးကော်မတီဝင်များနှင့် အထက (ရေတာရှည်)မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း လူဦးရေ (၄၀၀) ကျော်တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#simex_str_sgw

#bgo_jun_2022

Source:  တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events