
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မမွှေး ကျွန်းကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာ၌ (၁၁-၆-၂၀၂၂)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်လူဦးရေ (၆)ဦးအတွက် အိမ်ဆောက် ပစ္စည်းဘိုး (၃၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဘိုး (၁၂၆၀ဝ/-)ကျပ်၊ စုစုပေါင်း (၄၂၆၀ဝ/-) ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၃-၆ -၂၀၂၂) ရက်နေ့၊ (၁၀:၃ဝ) နာရီအချိန်တွင်၊ မော်လမြိုင်ကျွန်း မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌၊ မြို့နယ်ဒုတိယဦးစီးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun_2022
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)