သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၁:၃၀) နာရီအချိန်ထိ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာတွင် စုစု ပေါင်းလူဦးရေ (၇၀)ဦးခန့်ဖြင့် ကော့မုပွန်ကျေးရွာခန်းမ၌ ပြည်သူလူထု အပေါ် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကူညီထောက်ပံ့ ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေး အန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက ဆောင်ရန်/ ရှောင်ရန် အသိပညာ ဗဟုသုတများအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်း ပိုစတာအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mon_jun_2022

Source:  ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events