ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုနှင့် မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပေါင်မြို့နယ်၊ ​​လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစု​​ကျေးရွာ၌ (၂၅-၅-၂၀၂၂)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်ခန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ​ ကြိုတင် ဖျက်သိမ်း​ပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၃)ဦးတို့အတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်တို့အားလည်းကောင်း၊ ပေါင်မြို့နယ်၊ ​မြလေးချောင်ကျေးရွာအုပ်စု၌ (၂၈-၅-၂၀၂၂)ရက်နေ့(၁၆း၃၀)နာရီအချိန်ခန့်၌ ထယ်ထိုးနေစဥ် မိုးကြိုးပစ်ချပြီး သေဆုံးခဲ့မှုကြောင့် သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်တို့အားလည်းကောင်း (၃၁-၅-၂၀၂၂) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်ခန့် တွင်​ ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_tls

#ha_rbe

#mon_may2022

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events