လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတွေကျေးရွာ အုပ်စု၊ သရက်ချိုကျေးရွာ၌ (၂၈-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၁၄,၇၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၂)အိမ်ထောင်စာ၊ အဝတ် Mask (၁၄)ခုတို့အားလည်းကောင်း (၁၀-၅-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၈,၄၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၁)အိမ်ထောင်စာ၊ အဝတ် Mask (၈)ခုနှင့် ပင်းဇင်း ကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာ၌ (၃၀-၄-၂၀၂၂)ရက်နေ့တွင် မိုးရွာသွန်းပြီး မိုးကြိုးစက်ကွင်းမိမှု ကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာ (၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၇၃,၁၀ဝ/-(ကျပ်ငါးသိန်းခုနှစ်သောင်းသုံးထောင်တစ်ရာတိတိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၃)အိမ်ထောင်စာ၊ အဝတ် Mask (၂၂) ခုတို့အား (၂၉-၅-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ha_fir
#sgg_may2022
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)