လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့၊​​​ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲ ကျေးရွာ တွင် (၂၅-၅-၂၀၂၂) ရက်နေ့ဖြစ်ပွားသော  လေဘေးကြောင့် ပြိုကျ အိမ်ခြေ (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၈)လုံး၊ စုစုပေါင်း အိမ်ထောင်စု (၉)စုရှိ လူဦးရေ (၃၄)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးကျပ် (၃၆၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးကျပ် (၇၁၄၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေကျပ် (၄၃၁၄၀ဝ/-)တိတိ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုးပါ (၁)ပုံးနှင့် Surgical Mask (၆၈) ခုတို့ကို (၂၆-၅-၂၀၂၂) ရက်နေ့(၁၅:၀၀) နာရီအချိန်တွင်‌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့်အတူဘေးဖြစ်ပွားရာ ကျေးရွာအုပ်စု သို့သွားရောက်၍  ဘေးသင့်ပြည်သူများလက်၀ယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_may_2022

Source:  အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events