လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၂) ရက်နေ့ (၁၀း၀၀)နာရီအချိန်ခန့် တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာ အုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၇၀၀၀၀ဝ/-)ကျပ်နှင့် လူဦးရေစုစုပေါင်း (၂၅)ဦးတို့ အတွက် (၇)ရက် စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၂,၅၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၅၂၅၀၀/-)ကျပ်အား (၂၆-၅-၂၀၂၂)ရက်နေ့ (၁၄:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mon_may_2022
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)