မီးဘေးနှင့် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် (၂၂-၅-၂၀၂၂)ရက်နေ့(၀၈း၁၀)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ရာ လုံးဝပျက်စီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦး၊ သေဆုံး(၁)ဦး၊ ဒဏ်ရာရ(၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၈၄၀ဝ/-)၊ သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)ကျပ်၊ ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ထောင်စု (၁)စုအတွက် ဆပ်ပြာ(၁) တောင့်၊ လူဦးရေ (၄)ဦးအတွက် mask (၈)ခုတို့အား (၂၅-၅-၂၀၂၂) ရက်နေ့တွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_fir
#ygn_may_2022

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events