လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်၊ ညောင်ကုန်းလေးကျေးရွာ၊ ပန်းကုန်းကျေးရွာ၊ မုတ္တမကျေးရွာ၊ လက်ပံကျွန်းကျေးရွာ၊ မုတ္တမ-ကျွဲခြံကျေးရွာ၊ ကော့ထော်ကျေးရွာ၊ ကျိုက်ခတ်ငူကျေးရွာ၊ ဆားဖိုစုရပ်ကွက်၊ သပြေကုန်းကျေးရွာ၊ အဟောက် ကျေးရွာ၊ ကော့ကရင်ကျေးရွာ၊ သဲဖြူကုန်းကျေးရွာ၊ အလှပ်ကျေးရွာ၊ ဝဲပတန်ကျေးရွာ၊ လက်ပံတော ကျေးရွာ၊ ဥက္ကံကျေးရွာနှင့် သဗြုချောင်ကျေးရွာတို့၌ (၂၀/၂၁/၂၂-၅-၂၀၂၂)ရက်နေ့၊ (၁၁း၃၀) နာရီအချိန် တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးလူနေအိမ် (၂၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၂၀၀,၀၀၀/)၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၀၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၄၅၀,၀၀၀/)၊ စုစုပေါင်းလူဦးရေ (၅၅၅) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁,၁၆၅,၅၀၀/)၊ အမိုးလန်ပျက်စီးခဲ့သည့် သင်ပေါင်းချောင်း ဘုန်းကြီးကျောင်း (၄) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)နှင့် ရေမျောသေဆုံးသူ (၁)ဦး အတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁,၃၁၅,၅၀၀/-)အားလည်းကောင်း ပြိုကျပျက်စီးလူနေအိမ် (၂၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂၁) အိမ်ထောင်စာ တန်ဖိုးငွေ စုစုပေါင်း( ၉၆၆၇၅၆/-)ကျပ်တို့အားလည်းကောင်း (၂၃-၅-၂၀၂၁)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ha_fld
#mon_may2022
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)