လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာ အုပ်စု၊ ဓနိချောင်းကျေးရွာနှင့် လှိုင်းဘုန်းကျေးရွာအုပ်စု၊   စလူးချောင်းကျေးရွာတို့၌ (၂၀-၅-၂၀၂၂)ရက်နေ့ တွင်  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ​ ပြိုကျပျက်စီးခဲ့သော နေအိမ်(၂)လုံး၊  အိမ် ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ(၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ (၁၉)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀,၀၀ဝိ/-)၊  ဆန်ရိက္ခာ(၇)ရက်စာဘိုး (၁၆,၈၀ဝိ/-)၊  စုစုပေါင်း(၂၁၆,၈၀ဝိ/-)တိတိ အား မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၃-၅-၂၀၂၂)ရက်နေ့၊ (၁၀:၃ဝ)နာရီအချိန် တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊  ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_sgw

#aya_may2022

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events