လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသော ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသော ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ယနေ့အချိန်အထိ ကုလသမဂ္ဂအဖွဲ့အစည်း (၇) ဖွဲ့နှင့် အစိုးရမဟုတ်သော ပြည်ပအဖွဲ့အစည်း (၃၄) ဖွဲ့တို့ဖြင့် နားလည်မှုစာချွန်လွှာရေးထိုးထားပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြောင်းလဲလာတဲ့ ခေတ်သစ်၊ စနစ်သစ်နှင့်အညီ ပြည်သူလူထုအမှန်တကယ်အကျိုးရှိမည့် လုပ်ငန်းများကိုသာ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားပါသည်။
ထို့နောက် ရုံးအဖွဲ့မှူး ဒေါက်တာကိုကိုနိုင်က တွေ့ဆုံညှိနှိုင်းပွဲ၏ ရည်ရွယ်ချက်၊ လက်ရှိအခြေအနေနှင့် စိန်ခေါ်မှုများအား တင်ပြဆွေးနွေးပါသည်။ ၎င်းနောက် ညွှန်ကြားရေးမှူးများဖြစ်သော ဒေါ်ရူပါမြနှင့် ဦးဝင်းထိန်ကျော်တို့က နားလည်မှုစာချွန်လွှာရေးထိုးထားသော အဖွဲ့အစည်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ အစီအစဉ်အရ တက်ရောက်လာကြသော မိတ်ဖက်အဖွဲ့အစည်းများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ဆွေးနွေးပြောကြားပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီးချမှတ်ထားသော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နားလည်မှုစာချွန်လွှာရေးထိုးထားသော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ဒါ့ကြောင့် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးဦးစီးမှူးများကလည်း အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events