မြဝတီခရိုင်၊ အမှတ်​(၅/၃)ရပ်​ကွက်​ရှိ​ ရေကြီးနစ်​မြုပ်​နိုင်​​သော​ နေရာများမှ ပြည်​သူများအား မုန်​တိုင်းဘေး၊ ​ရေ​​ဘေးအန္တရာယ်​များနှင့်ပတ်​သက်​၍ ​အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၂) ရက်နေ့နှင့် (၂၂-၅-၂၀၂၂) ရက်နေ့တို့တွင် မြဝတီခရိုင်၊ အမှတ်​(၅/၃)ရပ်​ကွက်​ရှိ​ ရေကြီးနစ်​မြုပ်​နိုင်​​သော​ နေရာများမှ ပြည်​သူများအား မုန်​တိုင်းဘေး၊ ​ရေ​​ဘေးအန္တရာယ်​များနှင့်ပတ်​သက်​၍ ​ဆောင်​ရန်​/​ရှောင်​ရန်​များ အသိပညာ​ပေးရှင်းလင်းဆွေး​နွေးခြင်း၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်​ငန်းဆောင်​ရွက်​မှု၊ ထောက်ပံ့မှုအခြေအနေများအား ရှင်းလင်းတင်​ပြခြင်းနှင့် သဘာဝ​ဘေးအသိပညာ​ပေးလက်​ကမ်းစာ​စောင်​များ ဖြန့်ဝေ​ပေးခြင်းတို့ကို ခရိုင်​မီးသတ်​တပ်​ဖွဲ့၊ ကြက်​​ခြေနီတပ်​ဖွဲ့၊ ပြန်​ကြား​ရေးနှင့်ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊ ရပ်​ကွက်​စီမံအုပ်​ချုပ်​​ရေးအဖွဲ့ဝင်​များနှင့်အတူ ပူးပေါင်းဆောင်​ရွက်​​ခဲ့ကြောင်း သိရှိရပါသည်။

#ar_fld

#ar_str

#kyn_apr2022

Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events