ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုမှ ကာကွယ်ရန် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာအုပ်စု၊​​သနပ်ကုန်းကျေးရွာ၊ ငွေ‌သောင်ကျေးရွာ၊ ကျောက်ရဲကျွန်းကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာ၊ ဇီးဖြူ ပင်ကျေးရွာအုပ်စု၊ ကျွန်းက‌လေး‌ကျေးရွာတို့တွင် (၁၈-၅-၂၀၂၂)ရက်နေ့ (၁၁း၁၅)နာရီအချိန်၌ ဧရာဝတီ မြစ်ကမ်းပါးပြိုကျမည်ကိုစိုးရိမ်သောကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၄၃) လုံး၊ အိမ်ထောင်စု (၄၃)စု၊ စုစုပေါင်းလူဦးရေ (၁၆၇)ဦးတို့​အတွက် အိမ်​ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၃၀၀,၀၀၀/-)၊ ဆန်ရိက္ခာ ဖိုးငွေ (၇)ရက်စာ (၃၅၀,၇၀၀/-)၊  စုစုပေါင်း (၄,၆၅၀,၇၀၀/-) (ကျပ်လေးဆယ့်ခြောက်သိန်းငါးသောင်း​ခုနှစ်ရာတိတိ) အား (၂၀-၅-၂၀၂၂) ရက်နေ့တွင်​​ စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ​​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_may2022

Source:         စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events