တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ တိုက်ကြီး မြို့နယ်၊‌  ဥက္ကံမြို့၊ တဘူးရေသိုးကျေးရွာအုပ်စု၊ တဘူး‌‌ရေသိုးကျေးရွာ၌ (၇-၅-၂၀၂၂) ရက်နေ့နှင့် (၁၆-၅-၂၀၂၂) ရက်နေ့တို့တွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ပျက်စီးအိမ်‌ခြေ (၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊  လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ (၁၄,၇၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀ဝ/-) ကျပ်တို့အား (၁၈-၅-၂၀၂၂) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr

#ygn_may2022

Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events