မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊  ဆရာစံရပ်ကွက်၊ ဆရာစံ‌ (၄)လမ်းတွင် (၄-၅-၂၀၂၂) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄,၂၀၀/-)၊ အထောက်အကူပြု (Mask)၄ခု၊ စုစုပေါင်းရန်ပုံငွေ(၁၀၄,၂၀ဝ/-) နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၈)မျိုးပါ (၁)အိမ်ထောင်စာတို့အား (၁၁-၅-၂၀၂၂)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် တာဝန်ရှိ သူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

#ha_fir

#ayy_may2022

Source:         ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events