ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့၊ ​​​ဝက်လဟာကျေးရွာအုပ်စု၊ ကညင် တပင်ကျေးရွာတွင် (၄-၅-၂၀၂၂) ရက်နေ့ ဖြစ်ပွားသော ကမ်းပြိုဘေး ကြောင့် ကြိုတင်ရွှေပြောင်းအိမ်ခြေ (၁၄) လုံး၊ အိမ်ထောင်စု (၁၄)စုရှိ လူဦးရေ (၅၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၄၀၀၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးကျပ် (၁၀၇၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ရန်ပုံငွေကျပ် (၁၅၀၇၁၀ဝ/-)ကျပ် တိတိနှင့် Surgical Mask (၁၀၂) ခုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၁) များနှင့်အတူ (၁၅:၃၀) နာရီတွင်‌ ဘေးဖြစ်ပွားရာ ကျေးရွာအုပ်စု သို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်၀ယ်သို့ အရောက်ပေးပို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_mar_2022

Source:  အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events