COVID -19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့ များနှင့်ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင် ကာကွယ်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန် ထားသောအသိပညာပေး စာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို  (၂၅.၁၁.၂၀၂၁) ရက်နေ့၌ မိမိတို့ ဌာနတာဝန်ကျသည့် ​ပြည်ထောင်စုလမ်းမကြီး၊ လားရှိုးမြို့အဝင် မုခ်ဦး ဂိတ်၌ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ar
#shn_nov_2021

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events