ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီး ကျေးရွာအုပ်စု၊ သောင်ကြီးကျေးရွာ၌ (၁၅-၁၁-၂၀၂၁) ရက်နေ့တွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော ကမ်းပြိုဘေးသင့် နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၂၇,၃၀ဝ/-) ကျပ်၊ အထောက်အကူပြုပစ္စည်း Mask (၂၆) ခု၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၇,၃၀ဝ/-) ကျပ်တို့အား (၂၂-၁၁-၂၀၂၁) ရက်နေ့ (၁၄း၀၀) နာရီ အချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_nov2021
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events