မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြို့မဘုန်းကြီးကျောင်း၌ (၁၈-၁၁-၂၀၂၁) ရက်နေ့၊ (၂၂:၄၂) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးခဲ့သည့် ဘုန်းကြီး ကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်နှင့် မီးလောင်ဒဏ်ရာ ရရှိသူ(၁)ဦးအတွက် (၅၀,၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀/-) ကျပ်တို့အား (၁၉-၁၁-၂၀၂၁) ရက်နေ့ (၁၅:၄၅) နာရီအချိန် တွင် မြို့မဘုန်းကြီးကျောင်းသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir
#sgg_nov2021
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events