သဘာ၀ဘေးအသိပညာပေးခြင်းနှင့်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းတွင်ပူးပေါင်းဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၂၁)ရက်နေ့တွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခန္တီးမြို့နယ်၊ ပါဆောင်ကျေးရွာတို့တွင် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား မီးဘေးအသိပညာပေး လက်ကမ်းစာစောင် (၇၀)စောင်နှင့် မြေပြိုဘေးအသိပညာပေး လက်ကမ်းစာစောင် (၅၀)စောင်တို့အား ဖြန့်ဝေခြင်းနှင့် ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#sgg_nov_2021
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events