ကမ်းပြိုဘေး‌‌ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၁)ရက်နေ့၊နေ့လည်(၁၃:ဝဝ)နာရီ အချိန်တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် (၂၇-၉-၂၀၂၁) ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့နေအိမ်(၁၁)လုံး၊ လူဦးရေ(၄၉)ဦး တို့အတွက် Mask(၉၈)ခု၊အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁,၁ဝဝ,ဝဝဝိ/-)၊ဆန်ရက္ခာရန်ပုံငွေ( ၁၀၂,၉၀ဝိ/-)နှင့် ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင်(၂၉-၉-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ်(၅)လုံး၌ လူဦးရေ(၂၅)ဦးတို့အတွက် Mask(၅၀)ခု၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅ဝဝ,ဝဝဝိ/-)၊ဆန်ရက္ခာရန်ပုံငွေ( ၅၂,၅ဝဝိ/-)၊စုစုပေါင်းရန်ပုံငွေ(၁၇၅,၅၄ဝဝိ/-) အား ဝါးခယ်မမြို့နယ်၊ ရွှေ့လောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

#ha_rbe

#aya_Oct2021

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events