မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၀.၂၀၂၁) ရက်နေ့တွင်  မြိတ်မြို့နယ်၊ သဘွတ်ကျေးရွာအုပ်စု၊ ပရည်တောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊  ဘေးသင့်လူဦးရေ (၅)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁) ပုံးတို့အား (၁၁.၁၀.၂၀၂၁) ရက်နေ့ (၁၄:၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#tny_oct2021

Source:   မြိတ်ခရိုင်စီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events