အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၈-၁၀-၂၀၂၁) ရက်နေ့ (၀၉:၀၀)အချိန်မှ(၁၂:၃၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ အရှေ့ရပ်ကွက်နှင့် ချောင်းဆုံအနောက်ရပ်ကွက်အတွင်းရှိ ပြည်သူများ အား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ အသိပညာပေးနှင့် ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့်  ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_oct2021

Source:   ချောင်းဆုံမြို့နယ်စီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events