လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၁) ရက်နေ့တွင် (၁၀:၀၀) နာရီ အချိန်မှ (၁၂:၃၀) နာရီအချိန်အထိ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ အပိုင်း (၁) (၂) (၃) အတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များအား ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_sep2021
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)