Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်နှင့် ဆရာစံရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် သိရှိလိုက်နာ ဆောင်ရွက်သွားမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးနှင့်ပတ်သက်၍လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဘီးလင်းမြို့နယ်အတွင်းရှိ ဗိုလ်တေ ဇရပ်ကွက်နှင့် ဆရာစံရပ်ကွက်တို့တွင် နေထိုင်သည့်ပြည်သူများ သိရှိစေရန် အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေး ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_sep2021

Source:   မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events