လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျေးရွာအုပ်စု (၁၁)အုပ်စုတွင် (၉-၉-၂၀၂၁)ရက်နေ့၌ ဖြစ်ပွား ခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၅၆)လုံး (ပြိုကျ ၃ လုံး)၊ အိမ်ထောင်စု (၅၆)စုမှ လူဦးရေ (၂၀၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၈၉၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုး (၄၃၄,၇၀၀/-)၊ ရန်ပုံငွေစုစုပေါင်း (၂,၃၂၄,၇၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၃)စုစာနှင့် အလှူပစ္စည်း ရေပုံးအသေး (၃)ပုံးတို့အား (၁၄-၉-၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_sep2021

Source:   မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events