လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၁)ရက်နေ့တွင် (၁၂:၀၀)အချိန်မှ (၁၅:၀၀)အချိန်အထိ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)တို့အတွင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိ လိုက်နာရန် အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်း စာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_sep2021
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)