COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး (၃.၉.၂၀၂၁)ရက်နေ့၌ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုသောလမ်းများ၊ ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးစာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep_2021
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events