မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်၊ (၀၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့် ရောက် ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အောက် (၁)ပေခန့်စီ အသီးသီး ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် နောက်(၃)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် ပါသည်။

သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် သတိပြု နေထိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

Sign Up

Upcoming Events