
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၁)ရက်နေ့၊ ( ၂၇-၇-၂၀၂၁)ရက်နေ့နှင့် (၂၈-၇-၂၀၂၁)ရက်နေ့တို့တွင် မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စုတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂)ခုသို့ရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ(၂၃)လုံး ၊ အိမ်ထောင်စု (၂၃)စုမှ လူဦးရေ(၁၀၃)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၆,၃၀ဝ/-)ကျပ်အားလည်းကောင်း၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်အတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း( ၂)ခုသို့ ရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ( ၅)လုံး၊ အိမ်ထောင်စု ( ၅)စုတို့မှ လူဦးရေစုစုပေါင်း(၂၈) ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာထောက်ပံ့ငွေ(၅၈၈၀၀/-) ကျပ်အားလည်းကောင်း (၂၉-၇-၂၀၂၁)ရက်နေ့(၁၄း၃၀)နာရီအချိန်ခန့်၌ သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဒူးရင်းဆိပ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mon_jul 2021