
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့ (၀၉:ဝ၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀ဝ/-)ကျပ် နှင့်လူဦးရေစုစုပေါင်း (၈)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ(၂၁၆၈၀၀/-)ကျပ်အား (၂၉-၇-၂၀၂၁)ရက်နေ့ (၁၄:၀၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#mon_jul 2021