သံတွဲမြို့နယ် ရေဘေးအတွတ် ကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်မှုသတင်း

 

လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်၊ တာဝန်ခံညွှန်ကြားရေးမှူး ချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ရေဘေးအတွတ် ထောက်ပံ့ရန် ဗဟိုသိုလှောင်ရုံ (ရန်ကုန်) မှ စောင် (၅၀၀)ထည်၊ နှစ်ယောက်အိပ်ခြင်ထောင် (၅၀၀)လုံး၊ တာပေါ်လင် (၁၀)လိပ်၊ အဝတ်နှာခေါင်းစည်း (၁၅၀၀၀)ခု၊ ဆပ်ပြာ (၁၀၀၀) တောင့်နှင့် အသင့်စားခေါက်ဆွဲခြောက် (၁)ဖာလျှင် အထုပ်(၃၀)ထုပ်ပါ ဖာ(၅၀၀) တို့ကို ရန်ကုန်မြို့မှ ယာဉ်အမှတ် YGN/2E-7551 (၆) ဘီးယာဉ်ဖြင့် (၂၈-၇-၂၀၂၁)ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ပို့ဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#ygn_jul2021

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events