COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လားရှိုးမြို့နယ်အား Stay at Home ကြေငြာ ချိန်မှစ၍ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင်ကာကွယ် နိုင်ရန်ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုသော လမ်းများ၊ ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာသားများအား ဖတ်ကြား ခြင်းများကို (၄-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက် (၁၀)၌ ဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် ပေးခြင်း၊ Mask များပေးဝေခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2021

Source:  လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events