နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ များဖွဲ့စည်းဆောင်ရွက်နိုင်ရေး နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်းအဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခြင်းနှင့် မိုးရာသီ ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

၃၀၂၀၂၁၊ နေပြည်တော်

နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU)နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်းအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးအား (၃၀.၆.၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ သက်သက်ဇင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ် အမှုဆောင် ပါမောက္ခဒေါက်တာမြသူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် များ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌများ၊ ကြက်ခြေနီအသင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောရာတွင် လူမှုဒုက္ခများခံစားနေရတဲ့သူ များမှာ ကိုယ်တိုင်ဖြေရှင်းနိုင်သော ကိစ္စရပ်များရှိသကဲ့သို့ နိုင်ငံတော်အနေဖြင့် ကူညီဖြေရှင်း ရသော ကိစ္စရပ်များလည်းရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်းသူများအခွင့်အရေးများစသည့် ကုလ သမဂ္ဂ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဓိကတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ထိခိုက်လွယ်အုပ်စုများအပါအဝင်၊  လူမှုအကူအညီ ပေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကူညီဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် စေတနာ့ဝန်ထမ်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်မှုသည် အရေးကြီး ပါကြောင်း၊  လက်ရှိအနေဖြင့် ပြည်သူလူထုအကြား ဝန်ဆောင်မှုပေးရန်အတွက်  စနစ်တကျ လေ့ကျင့် ထားသော လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့် ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကိုအသုံးပြု၍ စီမံခန့်ခွဲလျက်ရှိပါကြောင်း၊ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူ (၂၅၉)ဦးအထိ လေ့ကျင့်မွေးထုတ်ပေးနိုင်သော်လည်း လက်ရှိတွင် ဖြစ်ရပ်များကို လက်တွေ့ကွင်းဆင်းဆောင်ရွက်နေသည့် Case Manager (၁၂၃)ဦးသာ ရှိသည့်အတွက် မြန်မာနိုင်ငံလူဦးရေ၏ ၄၀၆၅၀ တွင် တစ်ဦးကျအချိုးသာရှိသဖြင့် Case Manager များ ထပ်မံမွေးထုတ်ရန်နှင့် တစ်ဦးချင်း စွမ်းဆောင်ရည်ပြည့်ဝရန် လိုအပ်ပါ ကြောင်း၊ ယင်းတို့ကို့ ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အနေဖြင့်လည်း လူမှုရေးပညာ တက္ကသိုလ်တည်ထောင်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေး တက်ရောက်လာသော မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ မြေပြင်တွင် ဆောင်ရွက်နေသူများ၏ အခက် အခဲနှင့် လက်ရှိဆောင်ရွက်နေမှုအပေါ်တွင် ပိုမိုတိုးတက်စေရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြပါရန် ပြောကြားပါ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့သည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ယခင်ကတည်းက နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ ယခုလို နိုင်ငံတော်အတွက် အမြဲအသင့်ရှိနေသည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ မည်သည့်အခြေအနေ မျိုးတွင်မဆို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းများသည် ရပ်တံ့၍မရပါကြောင်း၊  မိမိတို့ အနေဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံသော စနစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်မှသာ အချက် အလက်များ တစုတစည်းတည်း ရရှိပြီး ဖြစ်ရပ်များအလိုက် Case Study များ၊ သုတေသန များ၊ Case များအလိုက် မူဝါဒပေါ်လစီများ ချမှတ်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ လူမှုဘဝရပ်တည်မှုအတွက် လူမှုရေးပဋိပက္ခများ၊ အိမ်ထောင်စုအလိုက် ကြုံတွေ့ရသော အခက်အခဲများအား သိရှိ၍ ကာကွယ်စောင့်ရှောက်ရေးသာမက ဖြစ်ရပ်အလိုက် စီမံခန့်ခွဲ နိုင်မည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင်တို့မှ မိမိတို့ အဖွဲ့ အစည်းများအနေဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ ဖြန့်ကျက်ပြီး ပြည်သူလူထုနှင့် ထိစပ်ကာ လုပ်ငန်းများဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့်လည်း  အမျိုးသမီး ကာကွယ် စောင့်ရှောက်ရေး၊ ကျား/မရေးရာ၊ ကလေးသူငယ် ကာကွယ်စောင့်‌ရှောက်ရေး၊  သဘာဝဘေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု လူမှုရေးရာ ဖြစ်ရပ် စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီးလည်း သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များတွင် အဖွဲ့ဝင်များပါဝင်ခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်း ဆောင်ရွက်မှုများ၊ သင်တန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့ကြပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်နေသော NCMSU ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများ၊ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းပြီးပါက လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းများကို အမြန်ဆုံးဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများသည်  မိုးရာသီဝန်ထမ်းမိသာစု အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း(အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် ဝန်ကြီးရုံးအသင်းနှင့် ပြန်လည်ထူ‌ထောင်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားမှုများ ကိုလည်းကောင်း၊ ထုပ်ဆီးတိုး(အမျိုးသမီး) ဗိုလ်လုပွဲစဉ်အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနအသင်းနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားမှု များကိုလည်းကောင်း၊  တက်ရောက်ကြည့်ရှု့အားပေးခဲ့ပြီး ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲ တွင် ပထမဆုရရှိသော ပြန်လည်ထူထောင်ရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိသော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအသင်း၊ တတိယဆုရရှိသော ဝန်ကြီးရုံး အသင်းတို့ အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကလည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသော ပြန်လည်ထူထောင်ရေးဦးစီးဌာနအသင်း၊ ဒုတိယ ဆုရရှိသော ဝန်ကြီးရုံးအသင်း၊ တတိယဆုရရှိသော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနအသင်းတို့အား ဒုတိယဝန်ကြီးကလည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော အားကစားသမားများအား အမြဲတမ်းအတွင်းဝန်နှင့် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှလည်းကောင်း၊ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော အားကစားသမားများအား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်မှလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး အဆိုပါ မိုးရာသီ ဝန်ထမ်း မိသားစု အားကစားပြိုင်ပွဲကို ဝန်ထမ်းများစိတ်ဓာတ်မြင့်မားစေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများအား (၂၄-၆-၂၀၂၁) ရက်နေ့မှ (၃၀-၆-၂၀၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jul2021

Source: MOSWRR

Sign Up

Upcoming Events