လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၁)ရက်နေ့ (၁၁:၄၅) နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင် မြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၁၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၉,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၉,၄၀ဝ/-)ကျပ်အား (၂၉-၆-၂၀၂၁)ရက်နေ့ (၁၅:၀၀) နာရီအချိန် ခန့်တွင် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_jun2021
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)