လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နောက်မီးအုပ်စုကြို့ကုန်းကျေးရွာတွင် (၂၄-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,ဝဝဝ) ကျပ်၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇,၈၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၄၃၇,၈၀၀) ကျပ်နှင့် သက္ကယ်ပြင်(သံ)အုပ်စု၊ ကညင်ရိုးကျေးရွာတွင် (၂၅-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု (၇) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၇၀၀,ဝဝဝ) ကျပ်၊ လူဦးရေ (၂၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုး ထောက်ပံ့ငွေ (၅၆,၇၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၇၅၆,၇၀၀) ကျပ်ကို (၂၈-၆-၂၀၂၁) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_jun2021