လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၁)ရက်နေ့ (၀၇:၃၀)နာရီအချိန်တွင် ခန္တီးမြို့၊ ကမ်းနားလမ်းနှင့် ဈေးလမ်းဆုံနေရာ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ Mask Campaign ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်၍ ခန္တီးမြို့နယ်အတွင်း မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများရေဘေးအန္တရာယ်မှ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ရေဘေးအသိပညာပေး လက်ကမ်းစာစောင် (၁၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_fld
#sgg_jun2021
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)