လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၁)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ မိုးနိုင်း ရပ်ကွက် စွယ်တော်ပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅ဝဝဝဝ/-) ကျပ်နှင့် လူဦးရေ (၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၂၀၀/-)ကျပ် စုစုပေါင်း (၅၄၂၀၀/-)ကျပ်အား (၁၀-၆-၂၀၂၁)ရက်​​နေ့ (၁၅:၃၀)နာရီအချိန်တွင် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_jun2021

Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events