မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ရှမ်း ကုန်းကျေးရွာအုပ်စု၊ အိမ်တိုင်ပုံကျေးရွာ၌ (၂၉-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၆,၃၀ဝ/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀ဝ/-)ကျပ် နှင့်ထောက်ပံ့ရေးပစ္စည်း(၂၀)မျိုးပါ (၁)အိမ်ထောင်စာတို့အား(၁-၂-၂၀၂၁) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာအုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စု၊ အိမ်တိုင်ပုံကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir
#bgo_feb2021
Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events