
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၁) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ်၊ ကျွန်းတောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလှည့်လည် ဆော်သြခဲ့ပြီး၊ သဘာဝဘေးနှင့်ပတ်သက်၍လည်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jan2021
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)