ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

Source: MOSWRR
————————-
ဇန်နဝါရီ ၂၉၊ နေပြည်တော်

———————–
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Virtual Meeting ဖြင့်ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးညီပုတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးရာ၌ ယနေ့အစည်းအဝေး တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းတွင် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ ဖြေရှင်းရန်နည်းလမ်းများကို ညှိနှိုင်း ဆွေးနွေးခြင်းနှင့် လက်ရှိအခြေအနေကို နိုင်ငံတကာကသိရှိနိုင်ရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် သိမ်မွေ့နက်နဲ ပြီး နိုင်ငံတကာက အာရုံစိုက်ခြင်းခံရသည့်အတွက် နိုင်ငံတကာ၏ အပြုသဘောဆောင် သည့် ပူးပေါင်းပါဝင်မှု လိုအပ်ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပြီး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် မှုနှင့်သာ အကောင်အထည်ဖော်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စိတ်စေတနာမှန်ကန်စွာဖြင့်ဆောင်ရွက်ပြီး ထိုအောင်မြင်မှုများရရှိနိုင်ရန် ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုအခက်အခဲများသည် နက်နက်ရှိုင်းရှိုင်း တည်ရှိနေသဖြင့် ဖော်ထုတ်ရင်ဆိုင်ကျော်လွှားရန် လိုအပ်ပါကြောင်း၊ ဒါကြောင့် ၂၀၁၇ ခုနှစ်၊ စက်တင် ဘာလ (၁၂) ရက်နေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော် ရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယခု(၃)နှစ်ကျော်ကာလအတွင်း အကြံပြုချက်များကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူ အညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီသည်လည်း ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်မှုအကူအညီများပါဝင်ပြီး အားဖြည့်ဆောင်ရွက်ခဲ့ပါကြောင်း၊၂၀၁၈ခုနှစ်ကုန်အထိအကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများသည် အရှိန်အဟုန်ဖြင့် အတိုင်းအတာ တစ်ခုအထိ တိုးတက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် အစမှစ၍ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း၊ ၂၀၁၉ အကုန် ၂၀၂၀ ပြည့်နှစ် အစပိုင်းမှစ၍ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် အကောင်အထည် ဖော်မှုများ ခက်ခဲကာ အရှိန်အဟုန်လျော့နည်းသွားခဲ့ပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် အကောင်အထည် ဖော်မှုများ လုံးဝရပ်တန့်သွားခြင်းမရှိအောင် အခက်အခဲကြားက ဆက်လက်ကြိုးပမ်း ခဲ့ကြပါကြောင်း၊
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးနှင့် စပ်လျဉ်း၍ အာဆီယံက ပူးပေါင်းပါဝင်ရန်ဆုံးဖြတ်ခဲ့ပါကြောင်း၊ အာဆီယံအတွင်းရေးမှူး ချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ် သို့ ကွင်းဆင်းလေ့လာနိုင်ခဲ့ကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ [ASEAN Emergency Response and Assessment Team (ASEAN-ERAT)] သည် ၂၀၁၉ခုနှစ်၊ မတ်လ(၄) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင် ပြန်လည်လက်ခံရေး လုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်အစီရင်ခံစာပြုစုနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါ အဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သိသာ ထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာအသိုက်အဝန်းမှာ ပြသနိုင်ခဲ့ကြောင်း၊
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်နှင့်စပ်လျဉ်း၍ UNDP နှင့် ပူးတွဲ ဆောင်ရွက်ခဲ့သည့် Rakhine Joint Assessment (RJA) အစီရင်ခံစာနှင့် ယခု ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာဟူ၍ အစီရင်ခံနှစ်မျိုးပြုစုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာနှစ်မျိုးမှာ ဆန်းစစ်လေ့လာမှု နေရာကွာခြားသော်လည်း တွေ့ရှိချက်များသည် တူညီကြပါကြောင်း၊ ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာသည် ရခိုင်ပြည်နယ်ရှိ မြေပြင်တွင် အမှန်တကယ်ဖြစ်တည်မှုတွေ့ရှိ ချက်များကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားအခြေခံဝန်ဆောင်မှုများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ကန့်သတ်ထားမှုမရှိကြောင်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အခြေအနေအမှန် သိရှိ အောင် သက်သေပြု ပြသနိုင်ခဲ့ပါကြောင်း၊
ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များကို အကောင် အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနအသီးသီးက အဆိုပြုစီမံကိန်း(၃၇)ခု ပြုစုခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၌ ဦးစားပေးစီမံကိန်း(၇)ခုကို ရွေးချယ်အတည်ပြုခဲ့ ပါကြောင်း၊ အဆိုပါစီမံကိန်းများတွင် ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေး လုပ်ငန်း များကို အထောက်အကူဖြစ်စေရေးအတွက် ဒေသနှင့်ကိုက်ညီမည့် ရေဒီယိုအစီအစဉ် များနှင့် သတင်းအချက်အလက်များကို ရေဒီယိုမှတစ်ဆင့် ပိုမိုတိုးမြှင့်ရရှိစေရေးစီမံကိန်း၊ ပြန်လည်လက်ခံရေးစခန်းများတွင် ဝင်ရောက်လာသူများကိုစိစစ်ခြင်းအတွက် လိုအပ် သည့် စက်ကိရိယာများ ပံ့ပိုးပေးခြင်းစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြု ငါးမွေးမြူရေးကန်များ တူးဖော်ပေးခြင်းစီမံကိန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အတွက် နည်းပညာနှင့် စက်ယန္တရား ဖြန့်ဖြူးပေးခြင်းစီမံကိန်း၊ ပြန်လည်လက်ခံရေး စခန်းများနှင့် ကြားစခန်းများသို့ သွား‌ရောက်နိုင်မည့်လမ်းများကို အဆင့်မြှင့်တင်ခြင်း စီမံကိန်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆက်စပ်အစိုးရအဖွဲ့အစည်း များက လူမှုကွန်ရက်မီဒီယာများကိုအသုံးပြုပြီး သတင်းအချက်အလက် ဖြန့်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် ပိုမိုအားကောင်းလာစေရေးစီမံကိန်း၊ ကလေးပျော်နေရာများနှင့် အမျိုးသမီးများအတွက် နေရာများစီစဉ်ပေးခြင်းအားဖြင့် ပြန်လည်ဝင်‌ရောက်လာမည့် သူများနှင့် ဒေသခံများအတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးပေးခြင်းများ ပိုမိုရရှိစေနိုင်ရေး စီမံကိန်းတို့ဖြစ်ပါကြောင်း၊
ဦးစားပေးစီမံကိန်း(၇)ခုအနက် သတင်းအချက်အလက်များအား ရေဒီယိုမှတစ်ဆင့် ဖြန့်ချိပေးခြင်းစီမံကိန်းကို ကိုရီးယားနိုင်ငံအစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ဝင်‌ရောက်လာသူများကို စိစစ်ခြင်းအတွက် လိုအပ် သည့် စက်ကိရိယာများပံ့ပိုးပေးခြင်း၊ ငါးမွေးကန်များ ပြင်ဆင်တူးဖော်ခြင်းနှင့် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာနှင့် စက်ယန္တရားများ ထောက်ပံ့ပေးခြင်းစီမံကိန်းတို့ကို ထိုင်းနိုင်ငံ အစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုများဖြင့် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ကျန်ဦးစားပေး စီမံကိန်း(၃)ခုအတွက် ရန်ပုံငွေ ရရှိရေးကိုလည်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
လက်ရှိအခြေအနေတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်း များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)ကို ရေးသားပြုစုပြီးဖြစ်ရာ အင်္ဂလိပ် ဘာသာဖြင့်လည်း ဘာသာပြန်ဆိုထားပြီးဖြစ်ပါကြောင်း၊ ထိုသုံးသပ်ချက်အစီရင်ခံစာအရ အဓိက ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံသားဖြစ်မှုကဏ္ဍ၊ လွတ်လပ်စွာသွားလာခွင့် ကဏ္ဍ၊ IDP ဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကဏ္ဍတို့နှင့်စပ်လျဉ်းပြီး စီမံချက် မူကြမ်းများ ရေးဆွဲထားရှိပြီးဖြစ်ရာ ယနေ့အစည်းအဝေးတွင် ထည့်သွင်းရှင်းလင်း ဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊
ထို့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် အာဆီယံ ၏ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးဖလှယ်ကြရန်နှင့် ASEAN နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ကို ညှိနှိုင်းဆွေးနွေးကြဖို့ဖြစ်ပါကြောင်းနှင့် တင်ပြဆွေးနွေးမှုများအပေါ်မူတည်၍ ရှေ့ဆက်ရမည့် လုပ်ငန်းများအတွက် ညှိနှိုင်းကြရမှာဖြစ်ပြီး မိမိတို့နိုင်ငံက ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် ကိစ္စများကိုလည်း နိုင်ငံတကာက သိရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်တင်က ဆွေးနွေးရာတွင် ယနေ့အစည်းအဝေးတွင် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အစည်းအဝေး၌ ဆွေးနွေးပြောကြားခဲ့သည်များကို ပြန်လည်မျှဝေ ပေးရန်နှင့် အာဆီယံနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့်စီမံကိန်းများ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ အာဆီယံ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက် မည့်စီမံကိန်းများ အောင်မြင်ရေးနှင့် ကောင်းမွန်သောပတ်ဝန်းကျင် ကောင်းဖြစ်စေနိုင်ရေး စီမံကိန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သော စီမံကိန်းများကို အကြံပြုပေးကြပါရန်ဖြစ်ကြောင်း၊ စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဦးစားပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် Monitoring & Evaluation ဆောင်ရွက်၍ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကို မျှဝေပေးနိုင်ပါက အောင်မြင်မှုရရှိနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲစိန်ခေါ်မှုများ များပြားသဖြင့် အချို့သောလုပ်ငန်းများတွင် အရှိန်အဟုန်လျော့နည်းသွားခဲ့ရသော်လည်း ရပ်တန့် သွားခြင်းမရှိအောင် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း များတွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်မှာ များစွာအထောက်အကူ ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်လည်း ရှေ့ဆက်အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
ယင်းနောက် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှု အစီရင်ခံစာအရ ဦးစားပေး စီမံကိန်းများ အကောင်အထည်ဖော်နေမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး၌ ရခိုင်ပြည်နယ်ဆိုင်ရာ ဆွေးနွေးခဲ့မှုများ ကို အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအကောင်အထည် ဖော်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှုများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တက်ရောက်လာကြသူ များက ရခိုင်ပြည်နယ်တွင် အာဆီယံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ရန်ပုံငွေရရှိရေးဆိုင်ရာ ဒေသတွင်းအစည်းအဝေး များကျင်းပရေး၊ အဆင့်မြင့်ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေး ကျင်းပရေး၊ ကနဦးလိုအပ် ချက် ဆန်းစစ်လေ့လာမှု အစီရင်ခံစာ အကောင်အထည်ဖော်ရေးအတွက် နည်းပညာ ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးပွဲများ ကျင်းပရေး၊ Ad-Hoc Support Team နှင့် နည်းပညာဆိုင်ရာ အစည်းအဝေးများကျင်းပရေး၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ FM ရေဒီယိုများ ဖြန့်ချိနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ FM အသံလွှင့် ဆောင်ရွက်နေမှုအခြေနေ၊ ပြန်လည်လက်ခံရေး စခန်းများတွင် ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ပြန်လည်နေရာချထားမည့်နေရာများတွင် နေအိမ်များ ဆောက်လုပ် မည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events