ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၂၈-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၃၁၅၀ဝိ/-)၊စုစုပေါင်းကျပ်(၃၃၁၅၀ဝိ/-)အား(၂၉-၁-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jan2021
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events