
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကမ်းနီကျေးရွာနှင့် ရှမ်းရွာသစ်မြို့လမ်းဆုံ၌ ပြည်သူများအား မီးဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား သိရှိနိုင်စေရန်အတွက် မီးဘေးမြေစိုက်ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar_fir
#krn_jan2021