
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ဥမှင်ကုန်းကျေးရွာအုပ်စု၊ တောင်ပုတ်စုကျေးရွာတွင် (၂၇-၁-၂၀၂၁) ရက်နေ့၌ ရေနွေးအိုးတည်ရာ ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ တစ်ဦးလျှင် (၂) ခုနှုန်းဖြင့် ဘေးသင့်လူဦးရေ (၄) ဦးအတွက် အဝတ် Mask (၈) ခုနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀) ကျပ်အား (၂၈-၁-၂၀၂၁) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#sgg_jan2021