
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့ (၁၅:၅၀) အချိန်၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ကူးဆိပ်ကျေးရွာ၊ ထွန်းလှကုန်းရပ်ကွက်၌ မီးဖိုဆောင်မှတစ်ဆင့် နေအိမ်ထရံအား မီးကူးစက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးတို့အတွက် (၇၉,၀၀ဝ) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ Family Kit (၁)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ် ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၂,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂,၁၀၀) ကျပ်အား (၂၈-၁-၂၀၂၁) ရက်နေ့ (၁၃:၀၀) အချိန်တွင် ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#krn_jan2021