လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန် အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်သိရှိ လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင် ရန်များ အား ပျဉ်းမနားမြို့နယ်၊ သန္တာရာမသီလရှင်စာသင်တိုက်၊ ညောင်ပင်သာကျေးရွာ၊ သနပ် ပင်ကျေးရွာ၊ ထောက်ရှာပင်ကျေးရွာ၊ မအူပင်ကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ ဇီးဖြူပင် ကျေးရွာ၊ ဆင်သေကျေးရွာတို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ Hygiene kit(E)၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များအား ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_jan2021
Source: နေပြည်တော်တိုင်းဦးစီမှူးရုံးမှ (ဘစမ)